Find the right AirPods for you

AirPods ဝယ်ဖို့ စဉ်းစားနေလား

AirPods ဝယ်တော့မည်ဆိုလျှင် ဒီ Article လေးက တစ်ထောင့်တစ်နေရာက အထောက်အကူပြုမှာပါ။


History

2016 December မှာ ပထမဆုံး AirPods စထွက်လာပါတယ်။ ပေါ့ပါးမှု အသံကောင်းမှုတွေကြောင့် ရောင်းအားကောင်းခဲ့တယ်။

AirPods 2nd Generation ကိုတော့ March 2019 မှာ ထုတ်လုပ်ခဲ့ပါတယ်။ နှစ်မျိုးနှစ်စား ထွက်ပါတယ်။

  1. AirPods with Charging Case

  2. AirPods with Wireless Charging Case

အားသွင်းစနစ်

AirPods with Charging Case အား Lightning Cable (iPhone အားသွင်းကြိုး) ဖြင့် သာ အားသွင်းနိုင်တယ်။

AirPods with Wireless Charging Case အား Wireless Charging Pad ဖြင့် အားသွင်းနိုင်ပြီး ပုံမှန် Lightning Cable (iPhone အားသွင်းကြိုး) ဖြင့် လည်း အားသွင်းနိုင်တယ်။

Case အား Wireless Charging Pad ဖြင့် အားသွင်း၍ ရခြင်းမရခြင်းသာ ကွာခြားပြီး အသံအရည်အသွေးနှင့် အခြား လုပ်ဆောင်ချက်များ ကွာခြားမှုမရှိပါ။

AirPods Pro

AirPods Pro ကို 2019 October မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။

ယခင် AirPods 1st Generation နှင့် 2nd Generation တွင် အသံအရည်အသွေးကွာခြားမှုမရှိခဲ့သော်လည်း AirPods Pro တွင် လုပ်ဆောင်ချက်များနှင့် အသံအရည်အသွေးမှာ ပိုမိုထူးကဲကောင်းမွန်လာတယ်။

  • Noise Cancellation ပါဝင်လာခြင်း

  • Ear Tips ကို ကိုယ်နှင့်သင့်တော်ရာ အရွယ်အား ရွေးချယ်တပ်ဆင်နိုင်ခြင်း

  • ချွေးစိုခံခြင်း

  • Wireless အားသွင်းစနစ်ပါဝင်ခြင်း စသည်တို့က AirPods Pro ၏ ထူးခြားမှုများဖြစ်ပါတယ်။

Pro ဝယ်သင့်သလား၊ ရိုးရိုးဝယ်ကြမလား ?

အဓိကကတော Budget လို့ပဲပြောရပါမယ်။

အကောင်းဆုံးကြိုက်တတ်သူများအတွက် ငွေကြေးလည်း မကြည့်ရဘူးဆိုလျှင် AirPods Pro ပဲညွှန်းပါရစေ။


AirPods Pro

Ear Tips ကို ကိုယ့်စိတ်ကြိုက် အရွယ်အစား ပြောင်းနိုင်တာကြောင့် ကိုယ့်နားနှင့် အဆင်မပြေမှာ မပူရပါဘူး။

အားသာချက် >> Transparency နှင့် Noise Cancellation Mode ပါဝင်တာကြောင့် ကားမောင်းသည့်အချိန်၊ အလုပ်လုပ်နေသည့်အချိန်မှာ Transparency Mode ထားနိုင်ပြီး တစ်ကိုယ်တည်း အနားယူတဲ့အချိန်၊ Gym ဆော့တဲ့အချိန်တွေမှာ Noice Cancelalation Mode ထားနိုင်ပါတယ်။ ချွေးစိုခံလို့ Gym ဆော့ရင်း သုံးနိုင်ပါတယ်။

အားနည်းချက် >> Ear Tips က Silicone ဖြစ်တာကြောင့် အချို့အသုံးပြုသူများ မကြိုက်တတ်ကြပါ။


ခန့်မှန်းစျေး >> 425,000/- ဝန်းကျင်



AirPods

စျေးတော်တော်သက်သာပါတယ်။ Silicone ear tips မကြိုက်သူများအတွက် အတော်အဆင်ပြေလှပါတယ်။ တစ်ချို့ နားပေါက်သေးတဲ့ မိတ်ဆွေများအတွက် အထူးသင့်တော်ပါတယ်။ Gym လည်းမဆော့ဘူး စီးပွားရေးအတွက်အသုံးများမယ်၊ ဖုန်းပြောများမယ်ဆိုလျှင် AirPods လေးပဲညွှန်းပါရစေ။ သုံးရ အတော်လေး သက်သောင့်သက်သာရှိလှပါတယ်။

အားသာချက် >> Silicone Ear Tips မကြိုက်လျှင်ဖြစ်စေ၊ နားအတွင်းထဲအထိတပ်ရမှာ မကြိုက်တတ်သူများအတွက်ဖြစ်စေ သင့်တော်ပါတယ်။


အားနည်းချက် >> ချွေးစိုမခံပါ။ Gym ဆော့ရင်း သုံးရန် သိပ်အဆင်မပြေလှပါ။


ခန့်မှန်းစျေး >> 245,000/- ဝန်းကျင် (with Charging Case)

285,000/- ဝန်းကျင် (with Wireless Charging Case)

ရိုးရိုးလား Wireless Charging နဲ့လား

မိတ်ဆွေဆီမှာ Wireless Chaeging Pad ရှိပြီးသားဆိုလျှင်တော့ AirPods with Wireless Charging Case ကိုဝယ်သင့်ပါတယ်။ သို့မဟုတ်ဘူးဆိုရင်တော့ ရိုးရိုး Case. ကလေးနဲ့သာယူလိုက်တာက ငွေချွေတာရာရောက်ပါတယ်။ အကြောင်းကတော့ Wireless Charging Case ကိုဝယ်ရင် Charging Pad ပါထပ်ဝယ်ရမှာကြောင့်ပါ။ စျေးကတော့ ရိုးရိုးနဲ့ Wireless Charging က လေးသောင်းလောက်သာကွာပါတယ်။

စျေးတွေကတော့တစ်ဆိုင်တစ်မျိုးရောင်းကြပေမယ့် ပစ္စည်းတွေကတော့ အတူတူပါပဲ။ သေချာချင်ရင် https://checkcoverage.apple.com ကနေ Serial Number နဲ့ စစ်ဆေးနိုင်ပါတယ်။ စျေးချိုတဲ့ဆိုင်ကိုညွှန်းပါဆိုလျှင်တော့ RingUpTech ကိုညွှန်းပါရစေ။


ယခုလောက်ဆိုရင်ဘယ် AirPods က ကိုယ်နဲ့သင့်တော်မလဲ သိလောက်ပြီလို့ ထင်မိပါတယ်။ ဒီဆောင်းပါးက သင့်အတွက်အကျိုးရှိတယ်ဆိုရင် Facebook မျာလည်း ရှဲပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။