ECG Enabler ID ဝယ်ပြီးသူအနေဖြင့် အောက်ပါအဆင့်များကို တစ်ဆင့်ချင်းသေချာအောင်ပြုလုပ်ပေးပါရန်။

  1. မိမိဖုန်းအား Wifi ဖြင့်ချိတ်ဆက်ပါ။ (4G/ iPhone Wifi Hotspot တို့ဖြင့်အဆင်မပြေပါ။)

  2. အားသွင်းကြိုးထိုးပေးထားပါ။

  3. လက်ရှိဖုန်းတွင် ဝင်လက်စရှိသော မိမိကိုယ်ပိုင် iCloud အား Sign out လုပ်ပါ။ (Data များအား ဖုန်းတွင် သိမ်းဆည်းချန်ခဲ့မည်လား မေးလျှင် မချန်ဟု ဖြေပါ။)

  4. ECG Enabler ID ဖြင့် iCloud ဝင်ပါ။

  5. Setting >> iCloud ထဲမှ Health ကို On ပေးထားပါ။ (Photo, Contacts, Note, iCloud Backup, iCloud Drive စသည့် အခြားအရာများအားလုံး ပိတ်ပေးထားပါ။ Health တစ်ခုတည်းသာ On ပါ။)

  6. အောက်ဖော်ပြပါပုံတွင်ကဲ့သို့ပေါ်လာလျှင် ဒေတာကူးယူခြင်း ပြီးမြောက်ပါပြီ။

  7. အချို့ နာရီများတွင် မိနစ်ပိုင်းအတွင်းပေါ်ပြီး အချို့ ၂ နာရီခန့်အထိစောင့်ရပါသည်။ ၂ နာရီတိုင်သည်အထိ ECG Application ပေါ်မလာလျှင် ဖုန်းဖြင့် Pair ပြန်လုပ်ပါ။

  8. နာရီတွင် ECG App သုံး၍ ရပြီဆိုပါက မိမိ မူလ iCloud အား ပြန်ဝင်၍ အသုံးပြုနိုင်ပါပြီ။