ကိုယ်နဲ့လိုက်ဘက်တဲ့နာရီကြိုးတစ်ချောင်းကို

ဘယ်လိုရှာမလဲ

Apple Watch Series 1 ကို 2015 က စတင်ထုတ်လုပ်ခဲ့ပါတယ်။ Size အနေနဲ့ 38mm နှင့် 42mm ဆိုပြီးနှစ်မျိုးထုတ်လုပ်ခဲ့ပါတယ်။ တစ်နှစ်တစ်ခါ အသစ်ထုတ်လုပ်လာခဲ့လိုက်တာ ၂၀၁၉ အရောက်မှာတော့ Series 5. အဖြစ်ထုတ်လုပ်ခဲ့ပြီး Size အနေနဲ့ 40mm နှင့် 44mm ဆိုပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။


နာရီကြိုးဝယ်မည့်သူတွေအနေနဲ့ သိမှတ်သင့်တာတစ်ခုက 38mm Size က ယခုအသစ်ထွက် 40mm Size နှင့် ကြိုးချင်းအရွယ်အစားတူပါတယ်။ 42mm က 44mm နှင့် Size အတူတူပါပဲ။ ဒါကြောင့် ယခင်ကြိုးအဟောင်းလေးများရှိရင်လည်း ယခုအသစ်မှာ သုံးနိုင်ပါတယ်။

နာရီကြိုးမှာအကြမ်းအားဖြင့်လေးမျိုးခွဲပါတယ်။

  • စတီးကြိုး

  • လယ်သာကြိုး

  • Sport Loop

  • Sport Band တို့ပဲဖြစ်ပါတယ်။

စတီးကြိုးနှင့်လိုက်ဘက်သူများ

စတီးကြိုးကတော့လူလတ်ပိုင်း သို့မဟုတ် လူကြီးပိုင်းများကပိုကြိုက်နှစ်သက်တတ်ကြပါတယ်။ စတိုင်ပင် သို့မဟုတ် ပုဆိုးဖြင့် တွဲဘက်ဝတ်ဆင်၍ အတော်လိုက်ဘက်ပါတယ်။ စတီးမှာမှ အကြမ်းအားဖြင့် ၂ မျိုးထပ်ကွဲပါသေးတယ်။ စတီး အစိတ်ကလေးတွေနဲ့ စတီးကြိုးကြီးကြီးဒီဇိုင်းတွေပါ။


အားသာချက် >> ဝတ်ဆင်သူကို ခန့်ညားစေပါတယ်။

အားနည်းချက်- စတီးအစစ်မဟုတ်တာကြောင့် ချွေးစိုရေစိုလျှင် တာရှည်မခံတတ်ပါ

ကွင်းပုံစံဖြစ်နေလို့ အားသွင်းချိန်မှာ ကြိုးက အနည်းငယ်ရှုပ်နေပါမယ်။ လက်ကြီး လက်သေးပေါ်မူတည်ပြီး အဆစ်ဖြုတ်လျှင် ရပ်ကွက်ထဲက နာရီဆိုင်သွားဖို့ လိုအပ်နိုင်ပါတယ်။


ခန့်မှန်းစျေး >> 22,000/- ဝန်းကျင်


အစိတ်ကလေးတွေကတော့လူကြိုက်ပိုများတယ်။ အမျိုးသားရော အမျိုးသမီးပါ ပတ်ကြပါတယ်။ သူ့ဒီဇိုင်းက ကြိုးက ကွင်းပုံစံဖြစ်နေလို့ လက်မှာပတ်တဲ့အခါ သားရေကွင်းစွပ်သလို ကွင်းထိုးပြီး သံလိုက်ကလေးနဲ့ အကျပ်အလျော့ ပြုလုပ်ပတ်နိုင်ပါတယ်။


အားသာချက် >> ဝတ်ဆင်သူကို ခန့်ညားစေပါတယ်။

အားနည်းချက်- စတီးအစစ်မဟုတ်တာကြောင့် ခြွေးစိုရေစိုလျှင် တာရှည်မခံတတ်ပါ

ကွင်းပုံစံဖြစ်နေလို့ အားသွင်းချိန်မှကြိုးက အနည်းငယ်ရှုပ်နေပါမယ်။


ခန့်မှန်းစျေး >> 17,000/- ဝန်းကျင်

လယ်သာကြိုး

လယ်သာမှာလည်းပြည်တွင်းမှာသုံးလေးသောင်းနှင့်အစစ်ရဖို့မလွယ်ပါ။ အစစ်မဟုတ်ပေမည့် အရည်အသွေးကောင်းတဲ့ လယ်သာလေးတွေတော့ရှာရလွယ်ပါတယ်။ ယောကျ်ားလေးအများစုကြိုက်ကြသလို၊ မိန်းကလေးတွေလည်း ပတ်ကြပါတယ်။ ဂျင်းပင် ကြိုက်သူများနှင့် အထူးလိုက်ဘက်ပါတယ်။

အားသာချက် >> သားရည်သားဖြစ်၍

အားနည်းချက်- ရေစို၍ မရတာကြောင့် ရေးကူးရင်း နာရီပတ်မည့်သူများ နှင့်အဆင်မပြေပါ။

ခန့်မှန်းစျေး >> 19,000/- ဝန်းကျင်

Sport Loop

Loop ကတော့ Silicone တို့ Leather တို့နဲ့ Skin Allergy ရှိတဲ့သူတွေနဲ့ အထူးသင့်တော်ပါတယ်။ အရည်ပြားယားတတ်သူတွေအတွက် Leather နဲ့ Sport Band တွေက အဆင်မပြေတတ်တာကြောင့် Loop မှာတော့ ယားယံမှုမရှိကောင်းမွန်စွာဝတ်နိုင်ကြပါတယ်။

အားသာချက် >> အရောင်ငြိမ်တယ်၊ တည်ကြည်တယ်

အားနည်းချက်- ရေစို၍ ရသော်လည်း ရေစိုလိုက်ခြောက်လိုက်ဖြစ်လာလျှင် အနံဆိုးထွက်တတ်ပါတယ်။ ရေးကူးသူများ အားမပေးပါ။

ခန့်မှန်းစျေး >> 19,000/- ဝန်းကျင်

Sport Band

Sport Bandကတော့ ရောင်းအကောင်းဆုံး ကြိုးပါပဲ။ လူကြိုက်များတယ်။ လူကြီး လူငယ် ကျားမမရွေးပတ်ကြပါတယ်။ အရောင်စုံလာတယ်။ ရွေးဝယ်ရလွယ်ပါတယ်။ အဝတ်အစားအရောင်ဆန်းကြိုက်သူများကတော့ ကြိုး ကို အဝါ၊ ပန်း၊ မော်ဒယ်စိမ်း၊ အပြာ၊ အနီ စသည်ဖြင့် ပတ်ကြပါတယ်။

အဝတ်အစာအရောင်မှိန်မှိန်ကြိုက်တတ်သူများကတော့အနက်နဲ့ Mid-Night Green ကို ပတ်ကြပါတယ်။ ၂၀၁၉-၂၀၂၀ မှာတော့ Midnight Green က ရောင်းအကောင်းဆုံးအရောင်ဖြစ်ခဲ့ပါတယ်။

အားသာချက်- ရေကူးကူး၊ ချွေးထွက်ထွက်၊ ပွဲတက်ပဲဝတ်ဝတ်၊ Gym ပဲဆော့ဆော့ အဆင်ပြေပါတယ်။


အားနည်းချက်- Silicone သားဖြစ်လို့ ကြာလျှင် ကျွပ်သွားပါမယ်။


ခန့်မှန်းစျေ- 13,000/- ဝန်းကျင်

အထက်ဖော်ပြပါများသည် ကျွုန်ုပ်၏ ယူဆချက်များသာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အကြိုက်ကွာနိုင်ပါသေးတယ်။


နာရီကြိုးနှင့် Watch Face

နာရီကြိုးကိုကြိုက်နှစ်သက်သော်လည်းမိမိ၏ Case နှင့် မလိုက်ဘက်တာကြောင့် အခက်တွေ့နေတဲ့ Customer တွေအတွက်နည်းလမ်းကောင်းပါ။ နာရီကြိုးအလိုက် Watch Face ကို ပြောင်းလဲပေးသင့်ပါတယ်။ ဒါဆိုရင် ပုံမှန်အားဖြင့် မိမိ Case နဲ့ မလိုက်ဘက်တဲ့ အရောက်ဖြစ်လင့်ကစား Face ကို ကစားပေးလိုက်ခြင်းဖြင့် လိုက်ဘက်သွားတဲ့ ကြိုးတွေရှိပါတယ်။


နောက်ထပ်အရေးကြီးတာတစ်ခုကတော့ မိမိအင်္ကျီနဲ့ လိုက်ဘက်တဲ့ Face ကို ပြောင်းလဲပေးခြင်းပါပဲ။ Face ကို လိုသလို ပြောင်းနေမည့်အစား ကိုယ့် ဝတ်စားဆင်ယင်မှုနဲ့လိုက်တဲ့ အင်္ကျီအရောင်နဲ့ လိုက်ဘက်တဲ့ Face ကလေးတွေကို နေ့တိုင်းပြောင်းလဲပေးခြင်းဖြင့် တစ်ကယ်ကို Smart ကျတဲ့ Apple Watch ဝတ်ဆင်သူတစ်ယောက်ဖြစ်လာမှာပါပဲခင်ဗျာ။


ကြိုးတွေကိုဘယ်မှာရှာဝယ်မလဲ ?

အကောင်းဆုံးကတောဆိုင်မှာသွားရောက်ပြီးတစ်ခုပြီးတစ်ခုတပ်ကြည့်တာအကောင်းဆုံးပါပဲ။ ဆိုင်မှာသွားဝယ်လို့ပဲဖြစ်စေ၊ Online ကနေ Delivery ဖြင့် မှာလို့ပဲဖြစ်စေ စိတ်ရှည်ပြီး တစ်ပုံချင်းပြပေးတဲ့ ဆိုင်ကိုညွန်ပေးပါဆိုရင်တော့ Benny Myanmar Apple Accessories ကိုညွှန်ပါရစေ။ ကိုယ်ကိုယ်တိုင် နာရီကြိုးတွေကို ဝင်ရှာချင်တယ်ဆိုရင်တော့လည်း RingUpTech Application ကနေလည်း ရှာနိုင်ပါတယ်။ ဒီလင့်ကနေလည်း ဝယ်နိုင်ပါတယ်။


စျေးနှုန်းချိုသာ

RingUpTech မှာ

Apple Product များ

ဝယ်ယူပါ။