Warranty အတွက် စိတ်ပူပန်မှုမရှိရလေအောင် NAKZ Co., ၏ Warranty မှန်ကန်မှုဖြင့် စီစဉ်ဆောင်ရွက်ပေးပါသည်။

MacBook များကို Singapore သို့တိုက်ရိုက်ပို့၍ Apple ၏ Policy အတိုင်း အသစ်လဲ၍ဖြစ်စေ၊ ပြုပြင်၍ဖြစ်စေ ဆောင်ရွက်ပေးပါသည်။

Warranty Card ကိုင်ဆောင်ထားခြင်းဖြင့် ပို့ခ ကုန်ကျစရိတ်ပေးစရာမလိုပါ။

MacBook အတွက် အချို့သော Error များကို မြန်မာနိုင်ငံမှ တရားဝင် Apple Authorized Service Provider ဖြစ်သည့် iPro Apple Authorised Service Provider တွင်လည်းတောင်းခံနိုင်သည်။

Apple ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်၍ ကျွမ်းကျင်မှုရှိကြပြီး Warranty ကာလအတွင်း ဖြစ်ပေါ်မှုများအတွက် ၎င်းတို့ ဆောင်ရွက်နိုင်သော အပိုင်းများကို ရန်ကုန်မှာပင် တရားဝင် Service ပြုလုပ်ပေးသည်။ Warranty ကာလကျော်လွန်သော ကိစ္စရပ်များအတွက်လည်း အခကြေးငွေဖြင့် စိတ်တိုင်းကျအောင် ပြုပြင်ဆောင်ရွက်ပေးသည်။

၄င်းတိုပြုလုပ်ခွင့်မရှိသောကိစ္စရပ်များအတွက် Warranty Card ဖြင့် Singapore. သို့ပြန်ပို့နိုင်သည်။

မှတ်ချက်။ ။ သက်ဆိုင်ရာ Device. များအတွက်သာ Warranty ပေးခြင်းဖြစ်ပြီး ဗူးအတွင်းပါဝင်သော Adapter, Cable များစသည်တို့အတွက် Warranty မရရှိနိုင်ပါ။ Warranty Card ပျောက်ဆုံး ပျက်စီးမှုများအတွက် Ring Up အနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။