Member Guide

အမေးများသော မေးခွန်များ

Q: Member အကျိုးခံစားခွင့်များကို ဘယ်မှာကြည့်ရမလဲ။

A: Card ၏ ညာဘက် အပေါ်ထောင့်မှ အစက် သုံးစက်အား နှိပ်၍ အကျိုးခံစားခွင့်နှင့် စည်းမျဉ်းများ ကြည့်ရှုနိုင်ပါတယ်။


Q: Member Card ကို အခြားသူအား ပေးသုံး၍ ရပါသလား။

A: Member Card ကိုင်ဆောင်သူ၏ မိတ်ဆွေရင်းနှင့် မိသားစုများအား ပေးသုံး၍ရပါတယ်။ ပုံတွင်ပြထားသကဲ့သို့ Card ညာဘက်အပေါ်ထောင့်မှ Share Button မှတစ်ဆင့် AirDrop ဖြင့် Share ၍ သူငယ်ချင်းဖုန်း၏ Wallet ထဲသို့ တန်းထည့်နိုင်ပါတယ်။


Q: Member Card ကို အခြားသူအား ပေးသုံးလျှင် ဘာတွေသတိပြုရမလဲ။

A: မိမိသူငယ်ချင်းမှတစ်ဆင့် ထပ်ဆင့် ဝေမျှခြင်းမဖြစ်ပေါ်ရန် အသုံးပြုပြီးက ပုံတွင်ပြထားသကဲ့သို့ Remove Pass အားနှိပ်၍ ကဒ်ပြန်ထုတ်ရန် ကြိုတင်မှာကြားထားသင့်ပါတယ်။ ဝယ်ယူချိန်တွင်လည်း Card ပိုင်ရှင် ဖုန်းနံပါတ်သို့ Ring Up မှ ဆက်သွယ်အသိပေးမှာဖြစ်ပါတယ်။


Q: Promotion ချထားတဲ့ပစ္စည်းတွေအပေါ် Member အနေဖြင့် ထပ်ဆင့်အကျိုးခံစားခွင့်ရှိလား။

A: Promotion ချထားတဲ့ပစ္စည်းများအပေါ် Member အကျိုးခံစားခွင့်မရှိပါ။ ငွေပေးချေရာတွင် Promotion စျေးဖြင့်သာ ပေးချေရပါမယ်။


Q: ဖုန်းလဲလိုက်လျှင် Member Card ပျောက်သွားနိုင်သလား။

A: Digital Member Card အား iCloud ဖြင့်ချိတ်ဆက်အသုံးပြုထားပါက ဖုန်းအသစ်တွင် ယခု iCloud အားပြန်ဝင်လိုက်ခြင်းဖြင့် Member Card ပြန်ရရှိနိုင်ပါတယ်။ ထိုသို့ပြုလုပ်ရန် iCloud Setting ထဲတွင် Wallet အား On ထားရန်လိုအပ်ပါတယ်။


Q: iCloud ဖြင့်မချိတ်ထားဘဲ Card ပျောက်ဆုံးခဲ့သော် သို့မဟုတ် Remove Pass အားနှိပ်မိခဲ့သော် ဘယ်လိုလုပ်ရမလဲ။

A: Member Card ဖွင့်ခဲ့စဉ်က အမည်၊ ဖုန်းနံပါတ်၊ E-mail စသည်တို့ ပြောပြ၍ ပြန်လည်ရယူနိုင်ပါတယ်။