Shipping Policy

ရန်ကုန်မြို့တွင်း မှာယူမှုများအတွက်

Device မှာယူမှုများအား Ring Up Express ဖြင့်ပေးပို့ပါသည်။ ၃ နာရီအရှေ့ပိုင်း မှာယူမှုများအတွက် နေ့ချင်းရရှိနိုင်ပြီး ညနေ ၃ နာရီနှောင်းပိုင်းမှာယူမှုများအတွက် နေ့ချင်းရရန်မသေချာပါ။ မြို့နယ်အလိုက် 2,000/- မှ 5,000/- အထိ ပို့ခကျသင့်ပါမည်။

Accessories and Cover မှာယူမှုများအတွက် Third Party Delivery Service ဖြင့်ပေးပို့ပြီး ပစ္စည်းရောက်ငွေချေစနစ် (COD) ဖြင့်ပေးပို့ပါသည်။ ပို့ခ 2,000/- ဖြစ်ပါသည်။

ပစ္စည်းပျောက်ဆုံးပျက်စီးမှုအတွက် တာဝန်ယူခြင်း

ရန်ကုန်မြို့အတွင်း ပျက်စီးဆုံးရှုံးမှုများအတွက် Ring Up တွင်သာ တာဝန်ရှိပါသည်။

နယ်ဝေးမှ မှာယူမှုများအတွက်

Device မှာယူမှုများအတွက် Royal Express, MGL, ကားဂိတ်၊ လေယာဉ် စသည်တို့မှ Customer ရွေးချယ်သည့် Service ဖြင့်ပေးပို့ပေးပါသည်။ ကားဂိတ်ပေးပို့မှုများအတွက် အောင်ဆန်းကွင်းနှင့် Downtown ဂိတ်များသို့သာ ပို့ဆောင်ပေးပြီး အောင်မင်္ဂလာနှင့် ဒဂုံဧရာဝန်းများသို့ တိုက်ရိုက်မပို့ပါ။

နယ်အရောက် Delivery ခနှင့် တန်ဆာအား ဝယ်ယူသူမှ ရှင်းရပါသည်။

ပစ္စည်းပျောက်ဆုံးပျက်စီးမှု အတွက် တာဝန်ယူခြင်း

"ပျက်စီးခြင်း"

လမ်းခရီးတွင်ပျက်စီးမှုအတွက် Ring Up မှ အလုံးစုံတာဝန်ယူပါသည်။ ထိုတာဝန်ယူမှုအာ တောင်းခံရန် Customer အနေဖြင့် အောက်ပါအချက်များအား ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

သက်ဆိုင်ရာ Delivery Service သို့မဟုတ် ကားဂိတ်မှ ပစ္စည်းထုတ်စဉ် ပါကင်အနေအထားသည် ပေးပို့ထားသည့်ပုံကဲ့သို့မဟုတ်ဘဲ ပျက်ယွင်းနေလျှင်ဖြစ်စေ၊ ပြန်လည်ထုတ်ပိုးထားသည် သို့မဟုတ် ဖိသိပ်ထားသည်ဟု သံသယဖြစ်လျှင်ဖြစ်စေ ထိုဂိတ်၌ပင် Ring Up သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားရမည်။ ပျက်ဆီးနေသော အထုတ်အား Ring Up မှ Video Call ဖြင့်ကြည့်ရှုပြီး အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပါမည်။

ကားဂိတ်တွင်မဟုတ်ဘဲ မိမိလက်ဝယ်ရောက်မှ ပျက်စီးမှုများအတွက် တာဝန်ယူပေးနိုင်ခြင်းမရှိပါ။

"ပျောက်ဆုံးခြင်း"

လမ်းခရီးတွင် ပျောက်ဆုံးခြင်းဖြစ်ပေါ်ခဲ့လျှင် သက်ဆိုင်ရာ Delivery Service သို့မဟုတ် ကားဂိတ်၏ Policy အပြင် Ring Up လျော်ကြေးဖြင့်ပါဆောင်ရွက်ပေးပါသည်။

Delivery Service သို့မဟုတ် ကားဂိတ်အများစုသည် တန်ဆာ၏ ၁၀ ဆ အထိသာ တာဝန်ယူပေးလျော်ကြောင်း Customer အနေဖြင့် သိမှတ်ပေးရပါမည်။

ပျောက်ဆုံးမှုအတွက် Ring Up အနေဖြင့် ပစ္စည်းတန်ဖိုး၏ 10% အထိ တာဝန်ယူပေးလျော်ပါမည်။


သို့ပါ၍ ပျောက်ဆုံးခြင်းဖြစ်ပေါ်ခဲ့လျှင် Delivery Service မှပေးလျော်သော တန်ဆာ ၁၀ ဆ အပြင်

Ring Up မှပေးလျော်သော ပစ္စည်းတန်ဖိုး၏ 10% ကို ဝယ်ယူသူကရရှိပါမည်။ ကျန်သည့်ဆုံးရှုံးမှုများသည် ဝယ်ယူသူဘက်တွင်သာ တာဝန်ရှိပါသည်။


စာတိုက်မှတစ်ဆင့် ပစ္စည်းရောက်ငွေချေ (COD) စနစ်ဖြင့် ပို့သော ပစ္စည်းအားလုံးအတွက် Ring Up ဘက်တွင်သာ အလုံးစုံတာဝန်ရှိပါသည်။