SIM Registration

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်အရ May 1. 2020 မှစ၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခုလျှင် Operator တူလျှင် SIM Card နှစ်ခုသာ ကိုင်ဆောင်ခွင့်ရှိတော့မည်ဖြစ်ခြင်းကြောင့် မိမိအမည်ပေါက်ဖြစ်ဖို့သည် အရေးကြီးလာပါတယ်။


လူတစ်ဦးလျှင် Operator တစ်ခုအတွက် SIM နှစ်ကဒ်ကိုင်ခွင့်ရပါတယ်။ Operator လေးဦးရှိတာကြောင့် လူတစ်ဦးလျှင် SIM Card အများဆုံး ၈ ကဒ် ကိုင်ခွင့်ရှိပါတယ်။

ကောင်းမွန်စွာမှတ်ပုံတင်ထားခြင်းမရှိသော သို့မဟုတ် ၂ခုထက်ပို၍ အမည်ပေါက်တူ မှတ်ပုံတင်ထားသော ကဒ်များကို ပိတ်သိမ်းသွားမှာဖြစ်ခြင်းကြောင့် မိမိ၏ ပင်တိုင်သုံးဖုန်းနံပါတ်များ ပါမသွားရန်အတွက် စစ်ဆေးပေးကြပါခင်ဗျာ။


မှတ်ချက်။ ။ Covid 19 တိုက်ဖျက်နေရသည့် ကာလဖြစ်ခြင်းကြောင့် ရက်ကန့်သတ်မှု ပြင်ဆင်နိုင်သည်ဟု ယူဆသော်လည်း မိမိဘက်မှ ကြိုတင်ပြုလုပ်ထားခြင်းကသာ ပို၍ စိတ်ချရပါမယ်။


အလွယ်တကူစစ်ဆေးနိုင်ရန် Operator တစ်ခုချင်းအလိုက်ရေးသားဖော်ပြပေးထားပါတယ်။


MPT

*601# Call

MPT မှ SMS ပေးပို့လာပါလိမ့်မယ်။ ပေးပို့တဲ့အချက်အလက်ထဲတွင် မိမိ၏ မှတ်ပုံတင်နံပါတ်၊ အမည် စသည်တွေမှန်ကန်တယ်ဆိုလျှင် ရပါပြီ။ အခြားမှတ်ပုံတင်နံပါတ်ဖြင့် ဖြစ်နေလျှင် အောက်ပါလင့်မှ တစ်ဆင့် ဖြစ်စေ၊ ပေးပို့သော Message မှ ညွှန်ကြားချက်များအတိုင်ဖြစ်စေ SIM Registration လုပ်နိုင်ပါတယ်။

MPT မှတ်ပုံတင်ရန် လမ်းညွှန်ချက်


Ooredoo

*666# Call

ထို့နောက် Ooredoo မှ SMS ပေးပို့လာပါလိမ့်မယ်။ ပေးပို့တဲ့အချက်အလက်ထဲတွင် မိမိ၏ မှတ်ပုံတင်နံပါတ်၊ အမည် စသည်တွေမှန်ကန်တယ်ဆိုလျှင် ရပါပြီ။ အခြားမှတ်ပုံတင်နံပါတ်ဖြင့် ဖြစ်နေလျှင် အောက်ပါလင့်မှ တစ်ဆင့် ဖြစ်စေ၊ ပေးပို့သော Message မှ ညွှန်ကြားချက်များအတိုင်ဖြစ်စေ SIM Registration လုပ်နိုင်ပါတယ်။

Ooredoo SIM မှတ်ပုံတင်ရန် လမ်းညွှန်ချက်


Telenor

*979*3*3# Call

ထို့နောက် Telenor မှ SMS ပေးပို့လာပါလိမ့်မယ်။ ပေးပို့တဲ့အချက်အလက်ထဲတွင် မိမိ၏ မှတ်ပုံတင်နံပါတ်၊ အမည် စသည်တွေမှန်ကန်တယ်ဆိုလျှင် ရပါပြီ။ အခြားမှတ်ပုံတင်နံပါတ်ဖြင့် ဖြစ်နေလျှင် အောက်ပါလင့်မှ တစ်ဆင့် ဖြစ်စေ၊ ပေးပို့သော Message မှ ညွှန်ကြားချက်များအတိုင်ဖြစ်စေ SIM Registration လုပ်နိုင်ပါတယ်။

Telenor မှတ်ပုံတင်ရန်လမ်းညွှန်ချက်



Mytel

*966# Call

ပြီးလျှင် 6 ကိုရွေး

ပြီးလျှင် 2 ကိုရွေး

ထို့နောက် Mytel မှ SMS ပေးပို့လာပါလိမ့်မယ်။ ပေးပို့တဲ့အချက်အလက်ထဲတွင် မိမိ၏ မှတ်ပုံတင်နံပါတ်၊ အမည် စသည်တွေမှန်ကန်တယ်ဆိုလျှင် ရပါပြီ။ အခြားမှတ်ပုံတင်နံပါတ်ဖြင့် ဖြစ်နေလျှင် အောက်ပါလင့်မှ တစ်ဆင့် ဖြစ်စေ၊ ပေးပို့သော Message မှ ညွှန်ကြားချက်များအတိုင်ဖြစ်စေ SIM Registration လုပ်နိုင်ပါတယ်။

Mytel မှတ်ပုံတင်ရန်လမ်းညွှန်ချက်